DFSK Brand New Car Showroom Soft OpeningJune 5, 2020
ရန်ကုန် (၅ ရက်၊ ဇွန် ၂၀၂၀) ။ ။ တရုတ်နိုင်ငံ၏ အထင်ကရ မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် DFSK က ၎င်း၏ မော်တော်ယာဉ်များကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုများပေးအပ်နိုင်မည့် အရောင်းပြခန်းသစ်တစ်ခုကို ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ဧရာဝဏ်လမ်းနှင့်ပြည်ထောင်စု လမ်းမကြီးထောင့်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ယခုအသစ်ဖွင့်လှစ်လိုက်သည့် အရောင်းပြခန်းအသစ်တွင် မော်တော်ယာဉ်များ ဝယ်ယူခြင်းအပြင် ဝယ်ယူပြီး နောက်ဝန်ဆောင်မှုများနှင့် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းသည့် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင်ပြုလုပ်နိုင်မည်ဖြစ်သည်။ အရောင်းပြခန်းအသစ်ဖွင့်လှစ်သည့်အထိမ်းအမှတ်အနေဖြင့် လုပ်ငန်းသုံးမော်တော်ယာဉ်များဖြစ်သည့် K01 နှင့် SuperCab မော်တော်ယာဉ်ဝယ်ယူသူများကို ကျပ် ၂ သိန်းကျော် မှ ၅ သိန်းအထိ လျော့ဈေးဖြင့်ရောင်းချပေးသွားမည့်အပြင် SuperCab ဝယ်ယူသူများအတွက် အမိုးကိုင်းနှင့်ခြေနင်းကိုလည်း အမှတ်တရလက်ဆောင်အဖြစ် တပ်ဆင်ပေးသွားမည်ဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံရဲ့မြို့တိုင်းမြို့တိုင်းမှာ DFSK ရဲ့မော်တော်ကားတွေကို အများပြည်သူအသုံး ပြုနိုင်အောင်ကြိုးပမ်းလုပ်ဆောင်နေပါတယ်မကြာခင်အချိန်မှာလည်း DFSK ရဲ့ အိမ်သုံး SUV ကားအမျိုးစားများ ကိုလည်း ပြည်တွင်းမှာတင်ထုတ်လုပ်ရောင်းချနိုင်အောင်လုပ်ဆောင်နေပါတယ်။ အခုဖွင့်လှစ်တဲ့ အရောင်းပြခန်းမှာလည်း ကောင်းမွန်တဲ့ဝန်ဆောင်မှု သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ DFSK ရဲ့မော်တော်ယာဉ်တွေကိုဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု Yaung Ni Oo Automobile Co.,Ltd ၏ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဝင်းကပြောကြားသည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ DFSK Myanmar ၏ အရောင်းကိုယ်စားလှယ်များသည် မန္တလေး၊ စစ်ကိုင်း၊ မအူပင်၊ မိုးကုတ်၊ နေပြည်တော် အပါအဝင် မြို့ကြီး ၁၁ မြို့တွင် ရှိပါသည်။ ကားအမျိုးအစားပေါ်မူတည်ပြီး ၂ နှစ် သို့မဟုတ် ကီလိုမီတာ ၆၀,ဝ၀ဝ၊ ၃ နှစ် သို့မဟုတ် ကီလိုမီတာ ၁၀ဝ,ဝ၀ဝ အာမခံများနှင့် ရောင်းချပေးလျက်ရှိပါသည်။ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် MAB Bank ၊ BMF ကုမ္ပဏီတို့နှင့် ချိတ်ဆက်ထားပြီး ကနဦးပေးချေငွေ ၃၀% သို့မဟုတ် ၄၀% ဖြင့် ၂ နှစ်အထိအရစ်ကျဝယ်ယူနိုင်ပါသည်။ DFSK အကြောင်း DFSK ကို ၂၀ဝ၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုန်အမှတ်တံဆိပ် ၅၀ဝစာရင်းတွင် အဆင့် ၆၈ ဝင်သော တရုတ်မော်တော်ယာဉ် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။ DFSK တွင် R&D စင်တာ ၈ ခုရှိပြီး တရုတ်၊ အင်ဒိုနီးရှားနှင့် အမေရိက စသည့်နိုင်ငံများတွင်မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံများဖြင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါသည်။ DFSK သည် စီးပွားရေး လုပ်ငန်းသုံးယာဉ်များနှင့် အိမ်စီးကားများကို သင့်တင့်သော ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပါသည်။ |